အစ္စလာမ် ဟူသည်
Oct 18, 2008ရေးသားခဲ့သူမှာ
Anonymous
0 Comments
ပထမဦးဆုံး ပိုစ့်လည်းဖြစ် သိပ်လည်းအထာမကျသေးတော့ တိုတိုနဲ့  လိုရင်းရောက်မယ့်ပိုစ့်လေးပဲ တင်တော့မယ်လို့  ဆုံးဖြတ်လိုက်ပါတယ်။
အချို့  အစ္စလာမ်ဘာသာဝင်တွေကိုယ်၌က အမှတ်မှားလေ့ရှိတဲ့ အစ္စလာမ်နဲ့  မွတ်စလင် ကွဲပြားခြားနားပုံကို နည်းနည်းလေး ဆရာလုပ်ကြည့်ချင်ပါတယ်။ ဝိုးတိုးဝါးတား ဖြစ်နေတဲ့သူများအတွက်သာ ရည်ရွယ်ပါတယ်။
အစ္စလာမ်ဟူသည် ဘာသာအား ရည်ညွှန်းခြင်းဖြစ်ပြီး၊ အစ္စလာမ်ဘာသာအား ယုံကြည်သက်ဝင်စွာ ကိုးကွယ်သူတွေကို မွတ်စလင်လို့  သုံးနှုန်းပါတယ်။
အစ္စလာမ်ဟူသည် ငြိမ်းချမ်းရေး ဟု အဓိပ္ပါယ်ရသည်။ အစ္စလာမ်ဘာသာအား သက်ဝင်ယုံကြည်စွာ ကိုးကွယ်ပါက စိတ်နှလုံးအေးချမ်းသော ဘဝများပိုင်ဆိုင်ရမည်ဖြစ်သည်။
အစ္စလာမ်ဟူသော အခြားအဓိပ္ပါယ်မှာ အလ္လာအသျှင်မြတ်၏ အမိန့် တော်အား တသွေမတိမ်း လိုက်နာခြင်း ဖြစ်သည်။ အနက်ဖွင့် ရသော် အလ္လာအသျှင်မြတ် သည် မွတ်စလင်တစ်ဦးတစ်ယောက်အား အလိုရှိတော်မူသည်ဆိုပါက ထိုမွတ်စလင်သည် အလ္လာအသျှင်မြတ် စေခိုင်းမည့် မည်သည့်အရာကိုမဆို ပြုမူ ဆောင်ရွက်ရန် အဆင်သင့် ရှိနေခြင်းပင်ဖြစ်သည်။
မွတ်စလင်တစ်ဦးဖြစ်စေရန် အောက်ပါ ကလေမာ အား သက်ဝင်ယုံကြည်စွာ ရွတ်ဆိုရမည်ဖြစ်သည်။
ကလေမာ သွိုင်ရေဗာသ်
လားအီလာဟာ အစ်လလ်လားဟို မိုဟမ်မက်သွရ် ရစူလွပ်လား။
(အလ္လာသျှင်မြတ်မှတစ်ပါး အခြားခဝပ်ကိုးကွယ်ထိုက်သော အသျှင်မရှိ။ မိုဟာမက်သခင် (စ) သည် အလ္လာအသျှင်မြတ် စေလွှတ်တော်မူသော ရစူလ် တမန်တော် ဖြစ်တော်မူသည်။)
Labels:အစ္စလာမ်
