မှတ်တမ်းလေးတခု

Mar 1, 2008
ရေးသားခဲ့သူမှာ သစ္စာ | သ​စ်စာ

လာရောက် လည်ပတ် ဖတ်ရှု ကြတဲ့ အနယ်နယ် အရပ်ရပ်က မိတ်ဆွေ များကို ကျေးဇူး တင်ကြောင်း ပြောပါရစေ။

အစ္စလာမ့်အနှစ်သာရ ဆိုဒ်နဲ့  ပတ်သက်တဲ့ လက်ရှိ အခြေအနေကို ပြောပြ ချင်ပါတယ်။ ဒီဘလော့ဂ် စတင်မရေးမီ ... ကျွန်မ ဘလော့ဂ် တကာ လိုက်လည်ရင်းနဲ့  မထင်မှတ်ပဲ Winkabarislamic ဆိုက်ကို ရှာတွေ့ ခဲ့ပါတယ်။ အားကျတဲ့ စိတ်နဲ့  အစ္စလာမ်နဲ့  ပတ်သက်ပြီး သိသမျှ လက်လှမ်းမှီသမျှ ဝေမျှချင်တဲ့ စိတ် ဖြစ်ပေါ်လာခဲ့တယ်။

ဘာသာရေးနဲ့  ပတ်သက်ပြီး Planet forum မှာတော်တော်လေး စိတ်သောက ရောက်ခဲ့ဖူးတာမို့  ဆုံးဖြတ်ချက် ပိုင်ပိုင်နိုင်နိုင် မချမီ စိုးရိမ်စိတ် အနည်းနဲ့  အများ ဖြစ်ပေါ်ခဲ့သေးတယ်။ အွန်လိုင်းလောကဟာ အစိုးရတဲ့ နေရာမှ မဟုတ်တာပဲ။ နောက်ဆုံး တော့ အစ္စလာမ် သာသနာ အတွက် ဆိုတဲ့ ရည်မှန်းချက်နဲ့ တင် စိတ် ပိုင်းဖြတ် နိုင်ခဲ့တယ်။

စာသာရေးတတ်ပြီး ဘလော့ဂ်နဲ့  ပတ်သက်တာ ဘာမှမလုပ်တတ်တဲ့ ကျွန်မကို ကနောင် ဝက်ဘ်ဆိုဒ်က ကိုမင်းကျော် က ဘလော့ဂ်နဲ့  ပတ်သက်သမျှ အစစ အရာရာ မငြီးမငြူနဲ့  သင်ပြ ကူညီ ပေးခဲ့တယ်။ ဒီလိုနဲ့  ဘလော့ဂ်တစ်ခု ဖြစ်တည် လာခဲ့တယ်။ ဒီဘလော့ဂ် ရေးတာ တစ်နှစ်တောင် မပြည့်သေးတဲ့ အချိန်ကာလအတွင်း စိတ် ပင်ပန်းခြင်း မျိုးစုံ ကြုံတွေ့ ခဲ့ရပါတယ်။

ဒီဘလော့ဂ်ကို ဖျက်သိမ်းဖို့  အထိ အကြိမ်ကြိမ် ဦးတည်ခဲ့ပါတယ်။ ဖျက်သိမ်းမယ် လို့ လည်း ကျွန်မ အစ်မ အပါအဝင် အချို့ ကို အသိပေးခဲ့ပါတယ်။ အစ်မလုပ်သူက စိတ်မြန် လက်မြန်ပါပဲ၊ ကိုမင်းကျော် ဆီကို အီးမေးလ်ပို့ ပြီး ဘလော့ဂ် ဖျက်ပေးဖို့  ပြောခဲ့တယ်။ ဘယ်သူ့ ဆီကမှ ကိုယ့်ရည်ရွယ်ချက်ကို ဖျက်ဆီးမပစ်ဖို့  အားပေးစာ တစ်စောင် မရရှိခဲ့တဲ့ အချိန်မှာ ကိုမင်းကျော် တစ်ယောက်သာ ကိုယ်လုပ်စရာ ရှိတာ ဆက်လုပ်ဖို့  အားပေးခဲ့တယ်။

ဒါကြောင့် အစ်ကို တစ်ယောက်လို ခင်မင် လေးစားရတဲ့ ကိုမင်းကျော် ကို ဒီစာနဲ့  ကျေးဇူး မှတ်တမ်း တင်ပါရစေ။

အေးချမ်း ပျော်ရွှင် ကြပါစေရှင်။

တူးတူး