တမန်တော် အီဒရစ်စ် (AS)

Apr 30, 2009
ရေးသားခဲ့သူမှာ Anonymous

ဘာဘာ အာဒမ်နှင့် အမာ ဟဝါ တို့  အလ္လာ့အမိန့် တော်နဲ့  ကမ္ဘာမြေကြီးပေါ် ဆင်းသက်နေထိုင်ပြီးနောက်မှာ သားသမီး မြေးမြစ်တွေ ရလာခဲ့တယ်။ အဲဒီအခါမှာ သူတို့ ရဲ့ မိသားစုကို အလ္လာအသျှင်မြတ်သည် ကြီးကျယ်မြင့်မြတ်ပြီး သနား ညှာတာ တော်မူသော အသျှင် ဖြစ်ကြောင်း ပြောကြားကာ၊ အလ္လာအသျှင်မြတ် သဘောကျ နှစ်သက်တော်မူသောသူဖြစ်စေရန် အစ္စလာမ်ဘာသာအား လိုက်နာ ကိုးကွယ်ဖို့  သင်ကြား ပေးခဲ့သည်။

ဘာဘာ အာဒမ် အလ္လာ့အမိန့် ခံယူတော်မူပြီးနောက်ပိုင်းတွင် တမန်တော်မြတ် အီဒရစ်စ် အား အလ္လာအသျှင်မြတ်မှ စေလွှတ် တော်မူခဲ့သည်။ အလ္လာအသျှင်မြတ်အား ယုံကြည်ဖို့ ရန်နှင့် အစ္စလာမ်ဘာသာအား ကိုးကွယ်ရန် တမန်တော်မြတ် အီဒရစ်စ် မှ ဆက်လက် တာဝန်ယူကာ အစ္စလာမ်ဘာသာ ထွန်းကားလာစေရန် ကြိုးပမ်းခဲ့သည်။ အလ္လာအသျှင်မြတ်သည် တမန်တော် အီဒရစ်စ် အား စိတ်ထားမွန်မြတ်မှု၊ အမှန်တရား လက်စွဲကာ အလ္လာအသျှင်မြတ်၏ ဂုဏ်သရေအား တိုးပွားအောင် ဆောင်ရွက်နိုင်ခဲ့သော တမန်တော် အဖြစ် ကျမ်းမြတ် ကုရ်အာန်ထဲတွင် ထည့်သွင်း ချီးမွမ်းခဲ့သည်။

တမန်တော် အီဒရစ်စ် သည် အဖန်ဆင်းခံအပေါင်းအား အလ္လာအသျှင်မြတ်၏ မြင့်မြတ်သော လမ်းစဉ်အားလိုက်နာရန် သင်ကြားရာတွင် အလွန် စိတ်ရှည်ခဲ့လေသည်။ အဖန်ဆင်းခံတို့ သည် တမန်တော် အီဒရစ်စ် အား သူတို့ ၏ ပတ်ဝန်းကျင်တွင် တရိုတသေ အလေးထားကာ လေးစားထိုက်သော သူအဖြစ်သတ်မှတ်ခဲ့ကြသည်။ တမန်တော် အီဒရစ်စ် သည် အဖန်ဆင်းခံတို့ ၏ လေးစားထိုက်သူအဖြစ် သတ်မှတ်ခြင်းခံရသော်လည်း ဂုဏ်မောက်ကြွားခြင်းမရှိပဲ အလ္လာအသျှင်မြတ်အား အမြဲတစေ တသ သတိရနေတတ်သည်။ အလ္လာအသျှင်မြတ်၏ ရှေ့ တော်မှောက်တွင် ရိုးကျိုးစွာ နေထိုင်ပြုမူခဲ့လေသည်။

ကျွန်ုပ်တို့ ၏ တမန်တော် မိုဟာမက်(စ) က တမန်တော် အီဒရစ်စ်သည် သူ၏ အစ္စရာနှင့် မေရာဂ်ျ ခရီးစဉ်တွင် တွေ့ ဆုံခဲ့သော တမန်တော်များအနက်မှ တစ်ဦးဖြစ်သည်ဟု ပြောကြားခဲ့ဖူးလေသည်။