တမန်တော် နူးဟ် (AS)

Apr 30, 2009
ရေးသားခဲ့သူမှာ Anonymous

တမန်တော်မြတ် အီဒရစ်စ် နောက်ပိုင်း နှစ်ပေါင်း များစွာ ကြာပြီး နောက် အဖန်ဆင်းခံ အပေါင်းတို့ သည် ဘာဘာ အာဒမ်၊ အမာ ဟဝါ နှင့် တမန်တော်မြတ် အီဒရစ်စ် တို့  သင်ကြား ပေးခဲ့ သည် များ ကို မေ့လျော့ နေ ကြ ပေ ပြီ။ အလ္လာ အသျှင်မြတ် ၏ အမိန့် တော် အား နာခံရမည့် အစား လူချမ်းသာ စာရင်းဝင်တို့ ၏ အမိန့် အာဏာ သည် အချို့ သော သူများ အပေါ်တွင် အတော်အတန် လွှမ်းမိုး နေလေပြီ ဖြစ်သည်။ များ မကြာခင် မှာ ပင် လူ ချမ်းသာ တို့ ၏ စကား သည် တွင် ကျယ်လာ ခဲ့ သည်။ ထို့ နောက် လူ ချမ်းသာ တို့ သည် သူ ဆင်းရဲများ ကို အမိန့်  ပေး စေခိုင်းခြင်းဖြင့် သဘော တွေ့ ကာ သူတို့ ၏ ဘဝအား လွယ်လွယ် ကူကူပင် ဖြတ်သန်း ကြလေသည်။ သူဆင်းရဲတို့ ၏ ဘဝမှာမူ လွန်စွာမှ ခက်ခဲ ကြမ်းတမ်း ခဲ့လေသည်။ ထို အခြင်းအရာ တို့ အား အလ္လာ အသျှင်မြတ်မှ အလုံးစုံ သိမြင်တော် မူ လေသည်။ လမ်းမှား ရောက်နေသော သူများ အား လမ်းမှန် ပေါ်သို့  ရောက်အောင် တည့်မတ် ပေးရန် လိုအပ်ပြီကို သိမြင်တော် မူ သဖြင့် နူးဟ် အား စေ လွှတ်တော်မူခဲ့ လေသည်။

နူးဟ် သည် အလ္လာအသျှင်မြတ် အမိန့် တော်ဖြင့် အဖန်ဆင်းခံတို့ ထံသို့  သွား၍ ပြောကြားလေသည်။


"အို ... လူသားအပေါင်းတို့  အလ္လာအသျှင်မြတ် စေခိုင်းသည်ကိုသာ ပြုမူတော်မူကြပါ။ အသင်တို့ အတွက် အလ္လာအသျှင်မြတ်မှတစ်ပါး အခြားခဝပ်ကိုးကွယ်ထိုက်သော အသျှင်မရှိ။ အသင်တို့  မနာခံပါက တစ်နေ့ မှာ ကြောက်မက်ဖွယ်ကောင်းသော အပြစ်ဒဏ်ပေးခြင်း ခံရမည်ကို ကျွန်ုပ် အလွန်တရာမှ စိုးရိမ်မိပါသည်"

နေ့ စဉ်နှင့်အမျှ အဖန်ဆင်းခံတို့ အား စည်းရုံးသိမ်းသွင်းခဲ့လေသည်။

"အသင်တို့ ၏ အပြစ် အကုသိုလ်များအား ခွင့်လွှတ်ပေးဖို့  တောင်းဆိုကြပါ။ မိမိအပြစ်ကို သိသိချင်း ဝန်ချတောင်းပန်ပါက အလွန်သနား ညှာတာတော်မူသော အလ္လာအသျှင်မြတ်သည် ခွင့်လွှတ်တော်မူရန် အဆင်သင့် ရှိနေပေသည်။ ထို့ အပြင် မိုးရွာစေခြင်းအားဖြင့်   အသင်တို့ ၏ ကောက်ပဲသီးနှံများ ဖြစ်ထွန်းစေခြင်း၊ သားသမီးရတနာများ ထွန်းကားစေခြင်း၊ လှပသော ဥယျာဉ်နှင့် မြစ်ချောင်း အင်းအိုင်များ ဖန်ဆင်းပေးတော်မူခြင်းဖြင့် အသင်တို့ အား ချီးမြှင့်တော်မူလိမ့်မည်။"
"မြင့်မြတ်လှသော အလ္လာအသျှင်ထံတော်မှ ဤကဲ့သို့ သော လက်ဆောင်ပဏာများအား အသင်တို့  ဘာကြောင့် မလိုချင်ကြရတာလဲ။"

"ကမ္ဘာကြီးဟာ ကြီးကျယ်လွန်းလှတယ်။ အသင်တို့ တွေ အဲသည် ကမ္ဘာမြေကြီးပေါ်မှာ သွားလိုရာ လာလိုရာ သွားလာ နေထိုင်နိုင်ကြတယ်။ ကောင်းကင်ကြီးကို မော့ကြည့်ကြစမ်းပါ။ အဲသည် ကောင်းကင်ကြီးထဲမှာ ကမ္ဘာမြေ အလင်းရောင်ရစေဖို့  လ၊ စူးရှတောက်ပလှတဲ့ နေကို မီးအိမ်သဖွယ် ဖန်ဆင်းပေးထားခဲ့တယ်။ ပြီးနောက် အသင်တို့ တွေကို ဖန်ဆင်းခဲ့တယ်။ ဤသည်အားလုံးကို အသင်တို့  မြင်တတ်အောင် ကြည့်ရှုကြပါ။ ကျွန်ုပ်ပြောတာ လက်ခံကြပါ။"

နူးဟ်၏ စကားများအား လူချမ်းသာများနှင့် အတော်အတန် အာဏာရှိသော သူများက မနှစ်မြို့ ကြပေ။ သူဆင်းရဲတို့ သည် နူးဟ်၏ စကားများအား နားထောင်ပြီး အလ္လာအသျှင်မြတ်ကို ယုံကြည်ကိုးကွယ်ခဲ့ပါမူ လူချမ်းသာတို့ ၏ စေခိုင်းမှုများ မည်သူက ပြုလုပ်ပေးမည်နည်း။ ထိုကဲ့သို့  ဆိုလျင် လူချမ်းသာတို့ သည် သူတို့ ၏ ဘဝများအား ခက်ခဲကြမ်းတမ်းစွာ ဖြတ်ကျော်ရပေတော့မည်။ ဤသည်ကို စိုးရိမ်ကြသောကြောင့်

"နူးဟ် သည် အသင်တို့  ကျွန်ုပ်တို့ ကဲ့သို့ ပင် သာမန်လူတစ်ဦးမျှသာဖြစ်သည်။ သူသာလျှင် သင်တို့ ၏ အကြီးအကဲဖြစ်ချင်သောကြောင့် ဤသို့  သိမ်းသွင်းနေခြင်းဖြစ်သည်။ တကယ်လို့ များ အလ္လာအသျှင်မြတ်က အစ္စလာမ်ဘာသာအား ကိုးကွယ်ခိုင်းစေကာမူ အလ္လာအသျှင်ကိုယ်တိုင် နတ်သားများ စေလွှတ်တော်မူ၍ ကျွန်ုပ်တို့ အား စည်းရုံးပေလိမ့်မည်။ ဒါကြောင့် သူဟာ အရူးတစ်ယောက်သာ ဖြစ်တယ်။ သူ့ ကို အနည်းငယ်မျှဖြစ်စေ ပေးကမ်းစွန့် ကြဲလိုက်ပါ။"
"အသင်တို့ ထံမှ ကျွန်ုပ် ဘာမှမလိုချင်ပါ။ ကျွန်ုပ်သည် အသင်တို့ အား သတိပေးနေခြင်းဖြစ်သည်။ အလ္လာအသျှင်မြတ်၏ အမိန့် တော်ဖြင့် ကျွန်ုပ် အသင်တို့ အား သတိပေးခြင်းဖြစ်သည်။"

သို့ သော်လည်း လူနည်းစုသာ နူးဟ် ၏ စကား နားထောင်ခဲ့သည်။ ထိုလူနည်းစုသည် လူချမ်းသာတို့ ၏ လိမ်လည်လှည့်ဖျားမှုအား သိရှိပြီးသူများသာဖြစ်သည်။ ကျန်သူများသည် နူးဟ် စကားဟသည်နှင့် တစ်ပြိုင်နက် သူတို့ ၏ နားထဲသို့ လက်ချောင်းများ အလျင်အမြန် ထိုးထည့်ကာ ပိတ်ထားတတ်ကြလေသည်။


ရေလွှမ်းမိုးမှု

နောင်နှစ်ပေါင်းများစွာ ကြာမြင့်သည့်တိုင်အောင် နူးဟ်သည် အလ္လာအသျှင်မြတ်အား ယုံကြည်ကိုးကွယ်ရန် တိုက်တွန်းနေခဲ့လေသည်။

သို့ သော်လည်း အများစုသည် နူးဟ်အား လူလိမ်ဟုသာ စွပ်စွဲနေခဲ့ကြသည်။  တစ်နေ့ တွင် အလွန်ချမ်းသာသော အကြီးအကဲ တစ်ယောက်သည်

ကောင်းပြီ နူးဟ်၊ သင် ကျွန်ုပ်တို့ ကို တိုက်တွန်းစည်းရုံးနေသည်မှာ နှစ်ပေါင်းအတော် ကြာမြင့်ခဲ့လေပြီ။ အသင်ပြောသည်တို့ မှာ အမှန်တရားများသာ ဆိုပါက ကျွန်ုပ်တို့ အပေါ် ကျရောက်မည့် အလွန်ကြောက်မက်ဖွယ်ကောင်းတဲ့ အပြစ်ဒဏ်ကို ယခုချက်ချင်း ပေးလော့။ ဟု ဆို၏။

"အလ္လာအသျှင်မြတ်သာလျင် ပေးနိုင်စွမ်း၏။ အလ္လာအသျှင်မြတ်၏ အမိန့် တော် ကျရောက်ပြီးသည်နှင့် တစ်ပြိုင်နက် ထိုပြစ်ဒဏ်မှ အသင်တို့  ထွက်ပြေးလွတ်မြောက်လမ်း မရှိပြီ။"

တမန်တော် နူးဟ်သည် တတ်နိုင်သမျှသော တာဝန်ကို ထမ်းဆောင်ခဲ့လေပြီ။


"အို .... အလ္လာသျှင်မြတ်သခင်! ကျွန်ုပ်သည် နေ့ မအား ညမနား အဖန်ဆင်းခံတို့ အား လမ်းပြပေးတော်မူ၏။ သို့ သော် အဖန်ဆင်းခံ တို့ သည် နားထောင်ခြင်းအလျဉ်းမရှိ၊ ပို၍ ဆိုးသွမ်းကုန်ကြပေပြီ။ ကျွန်ုပ်အား လူလိမ်ဟု စွပ်စွဲကုန်ကြလေပြီ။ ကျေးဇူးကြီးလှသော အသျှင် ကျွန်ုပ်အားကယ်တော်မူပါ။"

နူးဟ်၏ တိုင်တည်မှုအား အလ္လာအသျှင်မြတ်သည် လက်ခံတော်မူပြီးနောက်၊ ထိုသူတို့  တောင်းဆိုသော အပြစ်ဒဏ် များမကြာမီပင် ကျရောက်တော့မည် ဖြစ်သဖြင့် လှိုင်းဒဏ် လေဒဏ် ကြံ့ကြံ့ခံနိုင်သော သစ်သားလှေကြီးတစ်စင်း ဆောက်လုပ်ရန် နူးဟ်အား အမိန့် ပေး စေကြားလေသည်။

ထို့ နောက် အလ္လာအသျှင်မြတ်သည် နူးဟ် အား ပြောကြားလေသည်။

"ယုံကြည်မှုမရှိသောသူများ ချန်လှပ်၍ သင်၏ မိသားစုနှင့်တကွ နောက်လိုက်များအား ခေါ်ဆောင်လော့။ လူဆိုးသွမ်းများအကြောင်း အသျှင့်အား ထပ်မံတိုင်တည်ခြင်း မပြုလုပ်လေနှင့်။" ဟု မိန့် လေ၏။

အလ္လာအသျှင်မြတ်၏ အမိန့် တော်အတိုင်း နူးဟ်သည် သစ်သားလှေကြီးတစ်စင်းအား ဆောက်လုပ်လေတော့သည်။ ထိုအခြင်းအရာကို မြင်သော လူချမ်းသာများနှင့် အကြီးအကဲတို့ သည် အမြဲတစေ ဟားတိုက်လှောင်ပြောင်သွားကြသည်။ အဘယ်ကြောင့်ဆိုသော် တည်နေရာနှင့် ပင်လယ်သည် အလွန်တရာမှ ဝေးကွာလွန်းသောကြောင့်ဖြစ်သည်။

"ယခုအချိန်တွင် အသင်တို့  ရယ်မောလှောင်ပြောင်နိုင်ပါသည်။ သို့ သော် များမကြာသောအချိန်တွင် ကျွန်ုပ်တို့ အလှည့်သို့  ရောက်ရှိလာပေတော့မည်။"

သစ်သားလှေကြီး ဆောက်လုပ်ပြီးစီးသွားချိန်၌ ရေလွှမ်းမိုးမှု စတင်ဖြစ်ပေါ်လာသည်။ အဆက်မပြတ် မိုးသည်းထန်စွာ ရွာသွန်းလာပြီးနောက် မြေမျက်နှာပြင်ပင် အစိတ်စိတ်အမွှာမွှာကွဲထွက်လွင့်စင်ကာ တရိပ်ရိပ် ရေလွှမ်းမိုးလာသည်။


တမန်တော် နူးဟ်နှင့်အတူ နောက်လိုက်များသည် သစ်သားလှေကြီးပေါ်သို့  တက်ရောက်ကာ ရေနစ်မွန်းမှုဒဏ်မှ သက်သာရာရကြလေသည်။ ထို့ နောက် အလ္လာအသျှင်မြတ်အား တသ ကာ ကျေးဇူးစကားဆိုကြသည်။ တောင်တန်းကြီးများလောက် ကြီးမားသော လှိုင်းကြမ်းများကြားတွင် လှေကြီးသည် နိမ့်ချည် မြင့်ချည်ဖြင့် ပေါလောပေါ်နေခဲ့ပြီး နူးဟ်နှင့် နောက်လိုက်များသည် အသက်ဘေးမှ လွတ်မြောက်ခဲ့ကြလေသည်။

တစ်ချိန်က လှောင်ပြောင်ဟားတိုက်ခဲ့ပြီး အယုံအကြည်မရှိဟု ဆိုသောသူများ အမှားကြီးမှားခဲ့သည့်အတွက် နောင်တရချိန် တန်လေပြီ။ နူးဟ် သည် လူလိမ်မဟုတ်သည်ကို သိရှိသွားကြချိန်သည် ထိုသူတို့ အတွက် အတော်ပင် နောက်ကျခဲ့ချေပြီ ဖြစ်သည်။

ရုတ်တရက် နူးဟ်သည် အလ္လာအသျှင်မြတ်အား အယုံအကြည်မရှိပဲ လှေကြီးပေါ်တွင် လိုက်ပါလာခြင်းမရှိသော သူ၏ သားကို ငိုယို၍ ခေါ်လေသည်။

"အို သားငယ်! လှေကြီးပေါ်မှာ အတူလိုက်ပါခဲ့ပါ။ အလ္လာအသျှင်မြတ်အား အယုံအကြည်မရှိသော သူများနှင့် အတူမနေခဲ့ပါနှင့်။"

"တောင်ထိပ်ပေါ်သို့ တက်၍ ရေဘေးအန္တာရာယ်မှ လွတ်မြောက်စေမည်။"

"သည်ကနေ့  သားငယ်အား အလ္လာအသျှင်မှ ခွင့်လွှတ်ခြင်းမရှိလျင် မည်သူမျှ ကယ်တင်နိုင်စွမ်းမရှိပြီ။"

အချေအတင် ပြောဆိုနေစဉ်တွင် လှိုင်းကြီးတစ်ချက် ပုတ်ခတ်လိုက်သဖြင့် နူးဟ်၏ သားငယ်သည် အဝေးသို့  လွင့်စင်သွားကာ ရေနစ်မွန်းသွားသည်။ နူးဟ်သည် သားငယ်၏ အဖြစ်အားမြင်လိုက်ရသဖြင့် အလွန်ဝမ်းနည်းပက်လက် ဖြစ်ကျန်ရစ်ခဲ့၏။

ထို့ နောက် မိုးစဲသွားလေသည်။ မိုးရွာသွန်းမှုရပ်တန့် သွားချိန်၌ လွှမ်းမိုးနေဆဲရေများသည် ပက်ကြားကွဲအက်နေသော မြေကြီးများမှတစ်ဆင့် စိမ့်ဝင်ပျောက်ကွယ်သွားသည်။ တမန်တော် နူးဟ်နှင့် နောက်လိုက်များပါဝင်သော လှေကြီးသည် တောင်၏ ထိပ်တစ်နေရာတွင် တင်ကျန်ရစ်ခဲ့သည်။ အယုံအကြည်ကင်းမဲ့သူများအားလုံး ရေနစ်သေဆုံးသွားခဲ့ကြသည်။


နူးဟ်သည် ချစ်လှစွာသော သားငယ် ဆုံးရှုံးလိုက်ရသဖြင့် လွန်စွာဝမ်းနည်းနေပြီး၊ သားငယ်သည် သူ၏ မိသားစုဝင် တစ်ဦးဖြစ်သောကြောင့် အလ္လာအသျှင်မြတ်မှ ကယ်ဆယ်ပေးမည်ဟု ထင်မြင်ယူဆကာ တသ ငိုကြွေးသည်။ အလ္လာအသျှင်မြတ်သည်

"နူးဟ်! သင်၏ သားဆိုသူသည် ရှိုင်သွာန်၏ အပြုအမူအား ဆောင်ရွက်ခဲ့သဖြင့် သင်၏ မိသားစုဝင် တစ်ဦး မဟုတ်ခဲ့ချေ။"

ထိုအချိန်မှပင် နူးဟ်သည် သူ၏အမှားအား သိမြင်သွားကာ တောင်းပန်စကားဆိုခဲ့သည်။

အဖန်ဆင်းခံတစ်ဦးသည် မည်သည့်အမျိုးအနွယ် မည်သည့်အသိုက်အဝန်းမှ ဆင်းသက်လာသည်မှာ အကြောင်းမဟုတ်။ အဓိက အကြောင်းမှာ အလ္လာအသျှင်မြတ်အား ယုံကြည်မှုရှိသောသူ သာ ဖြစ်ရမည်ဟု နူးဟ် သဘောပေါက် နားလည်ခဲ့လေသည်။