တမန်တော် အီဗရာဟင်မ် (AS)

May 2, 2009
ရေးသားခဲ့သူမှာ Anonymous

ရုပ်ထုများ နှင့် မီးလျှံ

အလ္လာအရှင်မြတ်အား တသ သတိရခြင်း ကင်းမဲ့နေသော လူများ၏ နေရပ်တွင် တမန်တော် အီဗရာဟင်မ် (AS) အား ဖွားမြင်ခဲ့သည်။ ထိုနေရပ်ရှိ လူများသည် သစ်သား၊ ကျောက်တုံး၊ ကျောက်ခဲ များအား ပုံဖော်၍ ဘုရား အမှတ် ဦးချလေ့ ရှိကြသည်။ ထိုရုပ်ထုများကို အဘယ်ကြောင့် ဦးချကြသည်ကိုမူ ၎င်းတို့  ကိုယ်တိုင်ပင် တိတိ ကျကျ မသိကြချေ။ ပတ်ဝန်းကျင်ရှိ လူအချို့ အား အတုယူကာ ပြုမူနေကြခြင်းသာ ဖြစ်သည်။

အများသူငှာ ကဲ့သို့  ရုပ်ထုများကို ကိုးကွယ်သူများ ထဲတွင် တမန်တော် အီဗရာဟင်မ် (AS) ၏ မွေးသ ဖခင် သည်လည်း အပါအဝင် ဖြစ်သည်။ စွမ်းပကား အလျဉ်း မရှိသော ရုပ်ထုများအား ကိုးကွယ် နေကြသည်ကို တမန်တော် အီဗရာဟင်မ် (AS) သည် ငယ်စဉ် ကပင် ဆင်ခြင် သုံးသပ် နေခဲ့သည်။

အချို့ သည် လ ပုံသဏ္ဍာန်၊ နေ နှင့် ကြယ်တာယာ ပုံသဏ္ဍာန် တို့ ကို ပုံတူ ထုလုပ်ကာ ကိုးကွယ် ကြသည်။ ဤ အဖြစ်များကို ရှုကာ တမန်တော် အီဗရာဟင်မ် (AS) သည် ညဥ့်အခါ၌ ကောင်းကင်ယံထက်ရှိ လနှင့် ကြယ်တာယာ လေးများကို ကြည့ှ်ရှု နေခဲ့သည်။ သို့ သော် မိုးသောက်သော အခါ ၎င်းတို့  ကွယ်ပျောက် သွားကြသည်။ တဖန် နေမင်းကြီးအား စောင့်ကြည့်ပြန်သည်။ အမှောင်ကြီးစိုး လာချိန်တွင် နေမင်းကြီး စုန်းစုန်းမြုပ် သွားသည်ကို မြင်တွေ့  ရပြန်၏။ ၎င်းတို့ တွင် ကိုးကွယ်လောက်စရာ ထူးခြားသော စွမ်းပကား မရှိသည်ကို သိမြင်နေခဲ့သည့် အလျောက်၊ ၎င်းတို့ နှင့် တကွ ဤကမ္ဘာ မြေကြီးအား ဖန်ဆင်းသော ဘုရား သခင် ရှိကိုရှိရမည်ဟု တစ်ထစ်ချ ယုံကြည်နေခဲ့သည်။ ထို့ ကြောင့် တမန်တော် အီဗရာဟင်မ် (AS) သည် လမ်းမှန် ပြသပါရန် ဖန်ဆင်းရှင်အား နေ့ စဉ်နှင့်အမျှ တိုင်တည်၍ ဆုတောင်း နေလေ့ ရှိခဲ့သည်။

အလ္လာအရှင်မြတ်သည် တမန်တော် အီဗရာဟင်မ် (AS) ၏ နက်နဲစွာ စဉ်းစား တွေးခေါ်နိုင်မှုနှင့် တိုင်တည်မှု တို့  ကြောင့် ကျေနပ် အားရစွာပင် လမ်းညွှန်ပေးခဲ့သဖြင့် အီဗရာဟင်မ် (AS) သည် အလ္လာအရှင်မြတ်၏ တမန်တော် ဖြစ်တော်မူခဲ့သည်။ တမန်တော် အီဗရာဟင်မ် (AS) သည်လည်း အလ္လာအရှင်မြတ်အား အထူးပင် ကျေးဇူးတင် ချစ်ခင် မြတ်နိုးခဲ့လေသည်။

တစ်နေ့ သ၌ တမန်တော် အီဗရာဟင်မ် (AS) သည် ဖခင် အပါအဝင် ရုပ်ထု ကိုးကွယ်သူများအား


အဘယ်ကြောင့် ဤရုပ်ထုများအား ကိုးကွယ်နေပါသနည်း


ဟု မေးသော အခါ ...

ကျွန်ုပ် တို့ ၏ ဖခင်များ ဦးချ၍ ဖြစ်ပါသည်


ဟု ဖြေကြလေသည်။

အသင်တို့ နှင့် အသင်တို့ ၏ ဖခင်များသည် လမ်းမှားပေါ်သို့  ရောက်ရှိနေကြပေသည်


ဟု ဆိုသောအခါ တမန်တော် အီဗရာဟင်မ် (AS) အား ဝိုင်းဝန်း လှောင်ပြောင် ရီမော ကြလေသည်။ ထို့  နောက်

အမှန်တရားအား သယ်ဆောင် လာသည်လော၊ ကျွန်ုပ်တို့ အား စနောက် နေသည်လော


ဟု ဆိုကြပြန်သည်။ တမန်တော် အီဗရာဟင်မ် (AS) သည်

ဘုရားသခင် အစစ်အမှန်သည် ဤကမ္ဘာမြေကြီးအား ဖန်ဆင်းသော ဖန်ဆင်းရှင်ပင် ဖြစ်သည်။ ၎င်း ဖန်ဆင်းရှင်မှာ အလ္လာအရှင်မြတ် တစ်ပါးတည်းသာ ဖြစ်သည်။ ဤသည်အား သက်သေပြုရန် ကျွနုပ်တွင် အစီအစဉ် ရှိပါသည်


ဟု အတည်ပြု ပြောဆိုပြီးနောက်၊ ထိုသူများ၏ နောက်ကွယ်တွင် အကြီးဆုံးသော ရုပ်ထု တစ်ခုမှ လွဲ၍ ကျန်သည့် ရုပ်ထု များအားလုံး အပိုင်းပိုင်း အစစ ဖြစ်အောက် ဖျက်ဆီးပစ်လိုက်လေ၏။ ထိုသူတို့ သည် ရုပ်ထုများ ပျက်စီး နေသည်ကို မြင်သော် ငိုကြွေးကြလေသည်။ ၎င်းတို့ ၏ ဘုရားများအား မည်သူ ဖျက်ဆီး သည်ကို ရှာဖွေသော အခါ တစ်စုံ တစ်ယောက်သည်

အီဗရာဟင်မ် ဟု မည်သူ တစ်ဦး ဤဘုရားများ အကြောင်း ပြောနေခဲ့သည်ကို ကြားသိခဲ့ရပါသည်


ဟု ဆို၏။ ထို့ နောက် တမန်တော် အီဗရာဟင်မ် (AS) အား ခေါ်ယူပြီးနောက် လူအများရှေ့ တွင် ရပ်စေကာ မေးမြန်းကြလေသည်။

ကျွန်ုပ်တို့ ၏ ဘုရားသခင်များအား ဖျက်ဆီးသူသည် အသင်လော


ဤအချိန်သည် ထိုသူတို့ အား စမ်းသပ်ရန် အချိန် ကျရောက်ပြီကို သိသော တမန်တော် အီဗရာဟင်မ် (AS) သည်

အကြီးဆုံးသော ရုပ်ထုအား ကြည့်ကြပါ၊ ဤသည်မှာ အသင်တို့  ယုံကြည် ကိုးကွယ်သော ဘုရားသခင် ဟု ဆိုပါက ယခု ကိစ္စအား အဘယ်ကြောင့် ကျန်ရှိနေသော ၎င်း ဘုရားအား မမေးသနည်း


တမန်တော် အီဗရာဟင်မ် (AS) ၏ မှန်ကန်သော စကားကြောင့် ထိုသူတို့ မှာ ပြင်းထန်သော စိတ်ခြောက်ချားမှု ဖြစ်ပေါ်သွား ကြကာ မှင်တက်နေကြ၏။ သစ်တုံး ကျောက်တုံး တို့ အား လိုချင်သည့် ပုံဖော်ကာ ဦးချခြင်းဖြင့် လွဲမှားစွာ ဂုဏ်ယူ ဝင့်ကြွားနေခဲ့ကြသည်ကို ထောက်ပြနိုင်ခဲ့ပြီး

အလ္လာအရှင်မြတ်အား ခဝပ်ကိုးကွယ် ရမည့်အစား၊ အဘယ်ကြောင့် ဤရုပ်ထု များအား ဦးချ နေကြသနည်း


ထိုသူတို့ တွင် အငြင်းပွား စရာ စကား မရှိကြတော့ပေ။ တမန်တော် အီဗရာဟင်မ် (AS) ၏ အပြောနှင့် လုပ်ရပ် တို့ သည် မှန်ကန် နေသည်ကို သိနေကြသော်လည်း အမှားများအား ဝန်ခံခြင်း မရှိကြ။

၎င်းအား မီးလောင် တိုက်သွင်းကြ


အမိန့် ပေးသံနှင့် အတူ တမန်တော် အီဗရာဟင်မ် (AS) အား ဝိုင်းဝန်း ချုပ်နှောင်ကာ မီးလောင် စေသည်။ သို့ သော် အလ္လာအရှင်မြတ်၏ တမန်တော် ဖြစ်သည့် အားလျော်စွာ အလ္လာအရှင်မြတ်၏ အမိန့် တော်ဖြင့် အလျှံငြီးငြီး တောက်လောင် နေသော မီးတောက်တို့ သည် တမန်တော် အီဗရာဟင်မ် (AS) အား ပူလောင်ခြင်း စိုစဉ်းမျှ စိုးစဉ်းမျှ မရှိခဲ့ပေ။ လောင်စာ ကုန်ခမ်း၍ မီးတောက်များ ဝပ်ဆင်း သွားသော အခါ အလ္လာအရှင်မြတ်၏ မဟာ ဂရုဏာတော်ဖြင့် တမန်တော် အီဗရာဟင်မ် (AS) သည် အေးချမ်း ဖြည်းညှင်းစွာ မီးပုံ အတွင်းမှ ထွက်ခွား သွားခဲ့သည်။

တစ်နေ့ တွင် တမန်တော် အီဗရာဟင်မ် (AS) သည် ဖခင်အား

အို အဖ သခင် ကျေးဇူးရှင်! ဖခင်၏ လုပ်ရပ်တို့ သည် အလွဲကြီး လွဲမှား နေလေပြီ၊ ထို ရုပ်ထု တို့ တွင် ကြားသိခြင်း၊ မြင်နိုင်ခြင်း၊ ဖခင်အား ကြည့်ရှု စောင်မခြင်း အလျဉ်း မရှိပါပဲ အဘယ်ကြောင့် ဦးချ နေသည်ကို တွေးတော၍ မရနိုင်လေပြီ၊ ကျွန်ုပ်၏ စကားအား လက်ခံခြင်းဖြင့် အလ္လာအရှင်မြတ်၏ ကျေနပ် နှစ်သက်ခြင်းကို ရယူတော် မူပါ


အို အဖ သခင် ကျေးဇူးရှင်! အလ္လာအရှင်မြတ်အား ဆန့် ကျင်သည့် မာရ်နတ် (ရှိုင်သွာန်) တို့ ၏ လမ်းစဉ်အား မလိုက်ပါနှင့်၊ အလ္လာအရှင်မြတ်၏ မဟာ ဂရုဏာတော်ဖြင့် ဖခင် ဝေးကွာသွားမည်ကို ကျွန်ုပ် အလွန်ပင် စိုးရိမ် မိပါသည်


တမန်တော် အီဗရာဟင်မ် (AS) ၏ စကားအား လက်မခံသည့် အပြင်

ဤအကြောင်းအရာအား ဆက်လက် ပြောဆိုနေဦးမည် ဆိုပါက ကျွန်ုပ်နှင့် ဝေးရာသို့  ထွက်သွားလော့


ဟု နှင်ထုတ်လေတော့သည်။ တမန်တော် အီဗရာဟင်မ် (AS) သည် ဝမ်းနည်းခြင်းကြီးစွာ ဖြစ်ပေါ်သော်လည်း မာရ်နတ်၏ လမ်းစဉ်အား မလိုက်လိုသဖြင့်

ဖခင်၏ အမှားများအား အလ္လာအရှင်မြတ် ခွင့်လွှတ်တော် မူစေရန် ကျွန်ုပ် ထာဝစဉ် ဆုတောင်း နေပါမည်၊ ဖခင် ငြိမ်းအေးပါစေ


ဟု ပြောဆိုကာ ဖခင်နှင့် ဝေးရာသို့  ထွက်ခွာခဲ့လေတော့သည်။