တမန်တော် ဟုဒ် (AS)

Apr 30, 2009
ရေးသားခဲ့သူမှာ Anonymous

တမန်တော်မြတ် နူးဟ် (AS) ၏ နောက်လိုက်တို့ သည် Aad ဟုမည်သော ဒေသတွင် နေထိုင်ခဲ့ကြသည်။   [Aad ကို Dunes ... တစ်နည်းအားဖြင့် သဲခုံ သို့ မဟုတ် သဲတောင် လို့  မှတ်ယူနိုင်ပါတယ်။  Aad ဒေသ ရဲ့ တည်နေရာ ကို ကျမ်းမြတ် ကုရ်အာန်ထဲမှာ အသေအချာ ဖော်ပြထားခြင်း မရှိပေမယ့်၊ ကျွမ်းကျင်သူများ ၏ ပြောဆိုချက် အရ Aad ဒေသဟာ Yemen (ယဲမင်) နိုင်ငံ နှင့် Oman (အိုမန်း) နိုင်ငံ နှစ်နိုင်ငံရဲ့ ကြားမှာ တည်ရှိတယ် လို့  သိရပါတယ်။]



ထိုအချိန်တွင် Aad တွင် နေထိုင်သော သူတို့ သည် အလွန် သြဇာညောင်းသော လူမျိုးစု ဖြစ်နေပေပြီ။ ရေလွှမ်းမိုး ပြီးနောက် သူတို့ ၏ ဘဝအား ပြန်လည် တည်ထောင် ကြချိန်တွင် (အလ္လာ အသျှင်မြတ် ၏ ကြည့်ရှု စောင်မမှုဖြင့်) စားနပ်ရိက္ခာ မပြတ်ရှိခြင်း၊ လှပသော အဆောက်အဦးများ၊ မိုးထိုးနေသော မျှော်စင်ကြီးများ ဆောက်လုပ် နိုင်ခဲ့ကြသည်။ သို့ သော်လည်း ထိုသူတို့  ပင်လျင် ရုပ်တု များအား စတင် ကိုးကွယ်ခြင်းဖြင့် အလ္လာ အသျှင်မြတ် အား ဆန့် ကျင် ခဲ့ကြသည်။ ထိုသူတို့ သည်  ဒုက္ခအပေါင်းမှ နေသားတကျ ဖြစ်လာကြချိန်တွင် အလ္လာ အသျှင်မြတ် အား အလေးအမြတ် ထားခြင်း မရှိ၊ ကြီးမားလှသော ကျေးဇူးများ မေ့ပျောက် သွားကြလေပြီ။ ထိုသူတို့ ၏ ဘဝတွင် ပျော်ရွှင်မှုများ ချောင်လည်မှုများ လက်ဝယ် ပိုက်ထားရချိန်တွင် အလ္လာ အသျှင်မြတ်အား တသ သတိရကာ ကျေးဇူးစကား ဆိုရန် လစ်လျူ ရှုထားကြသည်။

ထို့ နောက် အလ္လာအသျှင်မြတ် သည် တမန်တော် ဟုဒ် (AS) အား ထိုသူများ ထံသို့  စေလွှတ်ခဲ့သည်။ တမန်တော် ဟုဒ် (AS) သည်

အို ... လူသား အပေါင်းတို့ ! အလ္လာ အသျှင်မြတ် အား အလေးအမြတ် ထား ကိုးကွယ်ပါ။ အသင်တို့  အတွက် အလ္လာ အသျှင်မြတ်မှ တစ်ပါး အခြား ခဝပ် ကိုးကွယ် ထိုက်သော အသျှင်မရှိ။   အလ္လာ အသျှင်မြတ် သည် အသင်တို့  အတွက် ဥယျာဉ် ပန်းမန်များ၊ အသင်တို့  မွေးမြူထားသော တိရိစ္ဆာန် များမှ သားပေါက်လေးများ တိုးပွား လာစေသည်။ အသင်တို့  ကြီးကျယ် မြင့်မြတ် လှသော အလ္လာအသျှင်မြတ် အား ကြောက်ရွံ့ ခြင်း အလျဉ်း မရှိကြပြီ တကား။ အလ္လာ အသျှင်မြတ်၏ အမိန့် တော် မပါပဲ အသင်တို့  ကိုးကွယ်ရန် ဘုရား ကိုယ်တိုင် ဖန်တီး ခဲ့ကြပြီ။ မှန်သော စကား ဆိုရလျင် အသင်တို့  အပေါ်မှာ ကျရောက်လာမည့် အပြစ်ဒဏ် အတွက် ကျွန်ုပ် လွန်စွာမှ ကြောက်ရွံ့  စိုးရိမ် မိပါသည်။" ဟု ဆိုသည်။

ထိုသူတို့  ပြန်ပြောသည်မှာ

အသင် ပြောသည့် စကားတွေသည် ရှေးလူကြီးများ ပြောသော စကားများနှင့် ထူးမခြားနား ပါပဲ။  ကျွန်ုပ် တို့ သည် နာကျင်သော ပြစ်ဒဏ်မျိုး ခံစားရမည် မဟုတ်။"  ဟု ဆို၏။  ထိုသူတို့ သည် သူတို့ ၏ သြဇာနှင့် သူတို့ ပိုင် အဆောက်အဦး များအား မည်သည့်အရာမျှ ဖျက်ဆီး ပစ်နိုင်မည် မဟုတ်ဟု ဂုဏ်ယူ ကျေနပ် ထင်မှတ် နေခဲ့ကြသည်။

တမန်တော်မြတ် ဟုဒ် (AS) သည် ထိုသူတို့  နားဝင်ရန်  ကြိုးစားမြဲ ကြိုးစားခဲ့သည်။

မြင့်မား တဲ့ နေရာမှာ အထင်ကရ ဖြစ်စေမယ့် အဆောက် အဦးမျိုး ဆောက်လုပ်ကြပြီး ပျော်ရွှင်မှု များ ဖုံးလွှမ်းနေပေပြီ။ ယခု အသင်တို့  ဆောက်လုပ် ထားတဲ့ အဆောက်အဦး ကောင်းကြီးတွေထဲမှာ အသင်တို့ ထာဝရ နေထိုင် သွားနိုင်မယ် လို့ များ ထင်မှတ် နေသလား။ အို ... လူသားတို့ ! အလ္လာ အသျှင်မြတ် ထံတော်မှ အသင်တို့  ၏ အမှားများ ခွင့်လွှတ်တော် မူရန် ဆုပန်၍၊ အသျှင့်အား လေးလေး မြတ်မြတ် ကိုးကွယ်ကြပါ။ ညှာတာတော် မူသော အသျှင်မြတ်မှ ကောင်းကျိုး ချမ်းသာများ ပေးစွမ်းပါ လိမ့်မည်။ အကုသိုလ် အလုပ်များအား ထပ်မံ မပြုလုပ်ပါနှင့်။

ထိုသူတို့ သည် သူတို့ ၏ လမ်းစဉ်အား ပြောင်းလဲပစ်ရန် ခေါင်းမာစွာ ငြင်းဆို နေကြဆဲ ဖြစ်သည်။ တမန်တော်မြတ် ဟုဒ် (AS) သည် သူတို့ အား နှောက်ယှက် နေသည်ဟု ယူဆလာကြကာ အန္တာရာယ် ပေးရန်ပင် ကြိုးပမ်း ခဲ့ကြသည်။

သို့ သော် များမကြာမီ မှာပင် ထိုသူတို့  နေထိုင်သော ကောင်းကင်ယံထက် တိမ်တိုက် ရွေ့ လျား လာသည်ကို မြင်ကြသဖြင့် အလွန် ပျော်ရွှင်နေကြလေသည်။ မိုးများ စုစည်းထားသော တိမ်တိုက် ဟု ထင်မြင်နေခဲ့ ကြသည်။ အမှန်မှာ ထိုသူတို့  ယူဆ သလို မဟုတ်ခဲ့ပဲ ကြောက်မက်ဖွယ် ကောင်းသော လေပြင်း ကြမ်းကြမ်း ဖြစ်နေခဲ့တာကြောင့် မိုးလင်းသော် ထိုသူတို့  မက်မောသော အံ့ဖွယ် အဆောက်အဦးကြီး များမှာ ရစရာ မရှိအောင် ပျက်စီး သွားခဲ့လေသည်။