တမန်တော် ဆာလေဟ် (AS)

May 1, 2009
ရေးသားခဲ့သူမှာ Anonymous

အာရေးဗျ နိုင်ငံ မြောက်အရပ်ရှိ Tabuk မြို့ အနီးတွင် နေထိုင်ခဲ့ကြသည့် Thamood လူမျိုးစုတွေထဲ တမန်တော် ဆာလေဟ် (AS) နေထိုင်ခဲ့သည်။ Thamood လူမျိုးစုတွေသည် Aad လူမျိုးစုတွေနှင့်လည်း အမျိုးတော်စပ် ကြသည်။

Thamood တို့ သည် ကျောက်ဆောင်ကြီးများ ပေါ်တွင် ခန့် ညား ထည်ဝါလှသော အိမ်ကြီး အိမ်ငယ် အသွယ်သွယ် တို့ ကို တည်ဆောက်ခဲ့ကြပြီး၊ မြေနေရာလွတ် များတွင်လည်း ရဲတိုက်ကြီးများကို တည်ဆောက် နေထိုင်ခဲ့ ကြသည်။ ထို့ အပြင် သစ်ကိုင်းများတွင် ကျိုးကျလုလု တွဲခိုနေသော သစ်သီးသစ်ဥ များဖြင့် စိမ်းလန်းနေသည့် ဥယျာဉ် များလည်း ရှိသည်။

Thamood တို့ သည် အလ္လာအရှင်မြတ် ပေးသော ကောင်းချီးမင်္ဂလာများအား ကျေးဇူး တင်ခြင်း အလျဉ်း မရှိလင့်၊ ရုပ်ထုများကိုပင် ပုံဖော် ကိုးကွယ် လာကြသည်။ သူဆင်းရဲများအား ပေးကမ်း စွန့် ကြဲဖို့  ဝေးစွ၊ အလိုလောဘ ကြီးစွာ စားနပ် ရိက္ခာ များကို ထိန်းချုပ် ထားခဲ့ကြသည်။ သူဆင်းရဲ များ၏ ဒုက္ခ ဆင်းရဲများကို လစ်လျူ ရှုခဲ့ ကြသည်။

ကနဦး၌ Thamood တို့ သည် တမန်တော် ဆာလေဟ် (AS) အား တစ်နေ့  တစ်ချိန်တွင် သူတို့ ၏ အကြီးအကဲ ဖြစ်လာရန် မျှော်လင့်ခဲ့ ကြသည်။ ထိုသူတို့  မျှော်လင့်နေသော တစ်နေ့ တစ်ချိန် မရောက်မီပင် ဆာလေဟ် (AS) သည် ကြီးကျယ် မြင့်မြတ်တော်မူလှသော အလ္လာအရှင်မြတ်၏ တမန်တော် ဖြစ်တော်မူခဲ့သဖြင့် အချို့ သော သူဆင်းရဲ များမှ လွဲ၍ လူချမ်းသာ စာရင်းဝင် အကြီးအကဲ တို့ သည် တမန်တော် ဆာလေဟ် (AS) အား ငြင်းပယ် ခဲ့ကြလေသည်။

တမန်တော် ဆာလေဟ် (AS) သည် အလ္လာအရှင်မြတ် ပေးသနားတော်မူသော ရိုဇီ ရိက္ခာများကို မရှိဆင်းရဲသား များအား ဝေမျှရန်နှင့် အလ္လာအရှင်မြတ်အား ယုံကြည် သက်ဝင်ရန် နှိုးဆော် ခဲ့သည်။ အများစုသည်

"အသင်သည် ကျွန်ုပ်တို့ အား လှည့်စားနေခြင်း သက်သက်သာ၊ မကောင်းသော အတိတ် နိမိတ် ယူဆောင် လာခြင်း သက်သက်သာ ဖြစ်သည်။ အကယ်၍များ အသင်သည် အမှန်တရားကိုသာ သယ်ယူလာသူ ဖြစ်ပါက သင်္ကေတ၊ လက္ခဏာ တစ်ခုခု ပြလော့" ဟု သရော်ကြလေသည်။

ထိုသူတို့ ၏ တောင်းဆိုမှုဖြင့် အလ္လာအရှင်မြတ်သည် ၎င်း၏ တန်ခိုး စွမ်းပကားအား ပမာန အနေဖြင့် ပြသရန် အလို့ ငှာ ကျောက်စိုင်ခဲ အတွင်းမှ လှပသော ကုလားအုတ် တစ်ကောင် ထွက်လာစေခဲ့သည်။

"ဤ ကုလားအုတ်သည် အလ္လာအရှင်မြတ် ပြသတော် မူသော သင်္ကေတ၊ လက္ခဏာပင် ဖြစ်သည်။ ထို့ ကြောင့် ဤ ကုလားအုတ်အား အန္တာရာယ် မပေးပဲ အလ္လာအရှင်မြတ် ဖန်ဆင်းသည့် ကမ္ဘာမြေကြီး ပေါ်၌ ရှိသော စားကျက်များကို ဝမ်းစာသဖွယ် စားသုံးစေခြင်း အလို့ ငှာ ဘေးမဲ့ပေးကြရမည်။ သို့ တည်းမဟုတ် ကြီးလေး သော ပြစ်ဒဏ် ခတ်ခြင်း ခံကြရပေလိမ့်မည်" ဟု မိန့် တော် မူလေသည်။

ညွှန်ကြားခံကြရသည့် အတိုင်းပင် ကုလားအုတ်အား ဘေးမဲ့ ပေးထား ခဲ့ကြသည်။ ဤသည်ကို အယုံအကြည် မရှိသော သူအချို့ တို့ သည် အလွန်အမင်း ဒေါသရှေ့ ထားမိကာ ကုလားအုတ်အား သတ်ဖြတ်ခဲ့ခြင်းဖြင့် အလ္လာအရှင်မြတ်၏ အမိန့် တော်အား ဖီဆန်ပြခဲ့ကြသည်။ ဤသို့ ဖြင့် ကြီးလေးသော ပြစ်ဒဏ် ခတ်ခြင်း ခံကြရတော့မည်ကို သိနေတော်မူသော တမန်တော် ဆာလေဟ် (AS) သည်

"အသင်တို့ ၏ နေအိမ်များ၌ သုံးရက်တာ မွေ့ လျော်ကြကုန်၊ ထို့ နောက် ဖြစ်ပေါ်လာမည့် အလားအလာ တို့ ကို မည်သည့် အရာမှ တားဆီး၍ ရနိုင်တော့မည် မဟုတ်" ဟု မိန့် တော် မူလေသည်။

သူယုတ်မာ တို့ သည် တမန်တော် ဆာလေဟ် (AS) နှင့် တကွ နောက်လိုက်များအား သုတ်သင် ပစ်ရန်ပင် စီစဉ် ကြလေတော့သည်။ သို့ သော် အလ္လာအရှင်မြတ်၏ အမိန့် တော်ဖြင့် တမန်တော် ဆာလေဟ် (AS) နှင့် နောက်လိုက် တို့ သည် နေရပ်အား စွန့် ခွာ သွားခဲ့လေပြီ။ ထို့ နောက်တွင် ကြောက်ခမန်းလိလိ မြေငလျင် လှုပ်ခတ်စေခဲ့ခြင်းဖြင့် Thamood နှင့် သူတို့ ၏ ခမ်းနားသော အဆောက်အဦးများ၊ တင့်တယ်သော ဥယျာဉ်တို့  ပျက်စီးယိုယွင်းကာ ကပ်ဆိုက်ခဲ့ကြတော့သည်။